Friday, September 30, 2011

ငါးကင်စပ်စပ်လေး ကင်စားကြမယ်။

ငါးကင်အတွက် လိုအပ်သောပစ္စည်းများ:-

- တလားဘီးယားငါး (၁ ကောင်)
- ကြက်သွန်ဖြူ (၄ မွှာ)
- ကြက်သွန်နီ (၂ လုံး)
- ဂျင်း (လက်တစ်ဆစ်)
- နံနံပင် (ကြိုက်သလောက်)
- ဖက်ဖယ်ရွက် (ကြိုက်သလောက်)
- ရှမ်းနံနံ (သို့) ရှောက်ရွက် (ကြိုက်သလောက်)
- စပါးလင် (၁ ပင်)
- ငရုပ်သီးစိမ်း (ကြိုက်သလောက်)
- ဆီအနည်းငယ်
- ဆား
- အချိုမှုန့်


၁။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုပ်သီးစိမ်းနှင့် အရွက်များအားလုံးကို ကြိတ်စက်ထဲသို့ထည့်ပြီးကြိတ်ပါ။
၂။ အစာများညက်သွားလျင် ပန်းကန်တစ်လုံးထဲသို့ထည့်ပြီး ဆား၊ အချိုမှုန့်၊ ဆီ တို့ထည့်၍ သမအောင်နယ်ထားပါ။
၃။ ငါးကို ဆား၊ အချိုမှုန့် အနည်းငယ်ဖြင့် နယ်ပါ။ ထို့နောက် အစာများကို ငါးပေါ်အနှံ့လူးပါ။ စပါးလင်ကို ထုပြီး ငါးပဟက် ထဲထည့်ပါ။ အစာများပိုနေသေးလျင် ငါးပဟက် ထဲထည့်ပါ။ ၁၀ မိနစ်လောက် နှပ်ထားပါ။
၎။ ထို့နောက် Microwave ထဲသို့ထည့်၍ တစ်ဖက်ကို ၁၅ မိနစ်နှုန်းဖြင့် အပူပေး ပြီး အသင့်စားသုံးနိုင်ပါပြီ။

No comments:

Post a Comment