Wednesday, September 28, 2011

ကြေးအိုး


ကြေးအိုးချက်ရန်အတွက် လိုအပ်သောပစ္စည်းများ:-

၁။ ဝက်ရိုး
၂။ ဝက်အသည်း
၃။ ဝက်အူချို
၎။ ဝက်သားနုပ်နုပ်စဉ်း
၅။ ငုံးဥ
၆။ ပဲပြား
၇။ မုံညင်းရွက်
၈။ ကြာဆံ
၉။ ငရုပ်ကောင်းမှုန့်
၁၀။ ကော်မှုန့်
၁၁။ နှမ်းဆီ

ကြေးအိုးဟင်းရည်ချက်နည်း 

၁။ ဝက်ရိုးမှသွေးများ စင်ကြယ်သွားသည်အထိ ရေနှင့်အကြိမ်ကြိမ် ဆေးကြောပေးပါ။ 
၂။ ရေကို ပွက်ပွက်ဆူအောင် တည်ပါ။
၃။ ဝက်ရိုးကို ဆား၊ အချိုမှုန့်၊ သကြား၊ ငရုပ်ကောင်း၊ နှမ်းဆီ နှင့် သမအောင် နယ်ပြီး ရေနွေးအိုးထဲသို့ထည့်၍ မီးအေးအေးဖြင့်  ပြုပ်ပါ။
၎။ ဟင်းရည်ဖြူလာသည် အထိပြုပ်ပါ။ ရေလိုလျှင် ရေထည့်ပါ။
၅။ ဝက်သားနုပ်နုပ်စဉ်းကို ဆား၊ အချိုမှုန့်၊ သကြား၊ ငရုပ်ကောင်း၊ နှမ်းဆီ၊ ကော်မှုန့် တို့နှင့် သမအောင်နယ်ပါ။
၆။ အူချိုကို မကျည်းမှည့်ဖြင့် အချွဲများ ပျောက်သည်အထိဆေးပါ။  ပြီးလျင် ထိပ်၂ဘက်ကို အပ်ချည် (သို့) နှီးကြီုးဖြင့်ချည်ပါ။ ထို့နောက် ဆား၊ အချိုမှုန့် နှင့်သမအောင်နယ်၍ ပြုပ်ပါ။

တစ်ပွဲစာပြင်နည်း

၁။ အိုးအသေးတစ်လုံးထဲသို့ ဝက်ပြုပ်ရည် ယောက်ချိုဇွန်း နဲ့ ၃ ဇွန်းထည့်၍ အပူပေးပြီး ဝက်သားနုပ်နုပ်စဉ်းလုံး၍ ထည့်ပြုပ်ပါ။ အူချိုကို ထည့်ပြုပ်ပါ။
၂။ ဝက်သားရလျင် ကြာဆံထည့်ပါ။ ထို့နောက် ဝက်အသည်း နှင့် ပဲပြား ကို ထည့်ပြီး ချခါနီးမှ မုံညှင်းရွက် နှင့် ငုံးဉကို ထည့်၍ စားသုံးနိုင်ပါပြီ။


No comments:

Post a Comment